ဒိုက်ဦး​မြို့နယ်၌ နွေစပါးနှင့် နေကြာစိုက်တောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုံး သက်သာစွာဖြင့် ရောင်းချပေး

ဒိုက်ဦး ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယမန်နေ့က ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့်နေကြာစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုံးသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချရာသို့ မြို့နယ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု့ခဲ့ကြသည်။

ဓာတ်မြေသြဇာရောင်းချရာတွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၂၈၀၈ ဧကနှင့် နေကြာစိုက်ဧက ၉၈ ဧကအတွက် ၂ ဧကလျှင် တစ်အိတ့နှုံးဖြင့် မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းထုတ် MPE ယူရီးယားဓာတ်မြေသြဇာ ၁၄၅၃ အိတ်အားကျေးရွာအုပ်စု ၃၇ အုပ်စုအား စျေးနှုံးသက်သာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)