မင်းဘူး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးလျက်ရှိရာတွင် သံဃာတော်များ၊ သီလရှင်များ၊ အကျင်းသား၊ အကျင်းသူများ၊ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၂ နှစ်အထက်မှ ၇၀ ကျော်သည် အထိ လူမျိုး/ဘာသာမရွေး ထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံ ဆောင်ရွက်လျက်ရှိရာတွင် Covid Shield ဆေးတွင် ထိုးနှံသူ ၅၆၇၈ ဦး၊ Sinovac ဆေးတွင် ထိုးနှံသူ ၄၅၀ ၊ Sinopharm Phase-1 ဆေးတွင် ထိုးနှံသူ ၅၈၇၃ ဦး၊ Phase-2 ဆေးတွင် ထိုးနှံသူ ၃၅၆၆၆ ဦး၊ Phase-3 ဆေးတွင် ထိုးနှံသူ ၇၁၉၅ ဦး၊ Phase-4 ဆေးတွင် ထိုးနှံသူ ၅၉၄၃ ဦး၊ Phase-5 ပထမအကြိမ် ထိုးနှံသူ ၃၉၃၆ ဦးနှင့် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၅၉၆၉ ဦးရှိ၍ ၆၃ ရာခိုင်နှုန်းခန့် ထိုးနှံ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မင်းဘူး(စကု)မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်စပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)