ပုသိမ်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာ ပုသိမ်ကြီးမြို့နယ် အတွင်းမှာရှိသည့် ကျေးရွာများမှ အခြေခံအပ်ချုပ် သင်တန်းသူများအနေဖြင့် သင်တန်း (၁) လကာလမှာ ပျက်ရက်မရှိသင်ကြားကြရန်၊ သင်တန်းတွင် လိုအပ်သည့် အပ်ချုပ်ပစ္စည်းများကို အခမဲ့ပံ့ပိုးပေးမည်ဖြစ်ပြီး၊ သင်တန်းသူများ အနေဖြင့်  အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကောင်း တစ်ခုဖြစ်ကြောင်း စသည်တို့အား ပြောကြားခဲ့ သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြ ဆရာမဒေါ်စန်းစန်းလွင်က သင်တန်းတွင် သင်ကြားပို့ချမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ ပုသိမ်ကြီးမြို့နယ် ဦးစီးမှူး ဦးစန်းယုလှိုင်နှင့်ဝန်ထမ်းများ၊ ဖိတ်ကြား ထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ (၁၁) ဦးတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)