ပိုင်ကျုံမြို့ မဲပရကျေးရွာအုပ်စု၌ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုဘွားများအား လက်ဝယ် အရောက် ထောက်ပံ့ငွေပေးအပ်

ပိုင်ကျုံ   ဇန်နဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ မဲပရကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံး လပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးရွာမှတာဝန်ရှိသူများက ကျေးရွာအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင ရှိသည့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၉)ဦးအတွက် တစ်ဦးလျှင် ကျပ် (၃၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၀၀၀၀/-) ကျပ်တိတိကို လူမှုရေးပင်စင် ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် အဘိုး(၁၂၆)ဦး၊ အဘွား (၂၁၅)ဦး၊ စုစုပေါင်း (၃၄၁)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်ဆက်)