ငါ့သရောက်မြို့ ပျဉ်းပင်ရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပေး Transformer အသစ်တစ်လုံး တိုးချဲ့ တတ်ဆင်ပြီးစီး

ငါ့သရောက် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပျဉ်းပင်ရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တတ်ဆင်ခွင့်ရရှိခဲ့သော Transformer အသစ်တစ်လုံး တိုးချဲ့တတ်ဆင်မှုကို ဒီဇင်ဘာပထမပတ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ငါ့သရောက်မြို့ရှိ ရပ်ကွက်များရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ကြစေရန်၊ ယူနစ် ပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရန်နှင့် ဓာတ်အားပေးစနစ် တိုးတက်ကောင်းမွန်စေရန်အတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ မြို့မန်နေဂျာ ဦးဝေဖြိုးကျော်နှင့် ဝန်ထမ်းများက  လျှပ်စစ်ရုံးရှေ့ ပျဉ်ပင်ရပ်ကွက်တွင် (၁၁.၀၄) kVA Transformer  အသစ်တစ်လုံး တတ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ငါ့သရောက်မြို့ပေါ်ရပ်ကွက်များနေ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ပြည်ဝ စွာ သုံးစွဲနိုင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)