မိုးမောက်မြို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မိုးမောက်      ဇန်နဝါရီ      

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းထွန်း၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီက မြို့မစျေးရှေ့နှင့် စျေးအတွင်း၌ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)အခုရေ ၅၀၀ ကို မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများနှင့် မြို့မစျေးအတွင်းရှိ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အိမ်ပြန် ရောက်ပါက လက်ကို ဆပ်ပြာဖြင့် မိနစ်(၂၀)ကြာဆေးကြောရန်၊ အပြင်ထွက်သည့် အဝတ်အစား များကို အိမ်ပြန်ရောက်ပါက လဲလှယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် စသည်ဖြင့် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်