ပျော်ဘွယ် ဇန်နဝါရီ ၆
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုးအား သတိပြုကာ ကွယ် နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲက ရှမ်းပွဲရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်း တပ်ဆင် ရာတွင်လည်း မတပ်ခင် လက်ကိုစနစ်တကျ သန့်ရှင်းရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ် ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ထိုးနှံနိုင်ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)