ဆင်ပေါင်ဝဲမြို့နယ်တွင် Bakery&Snack အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်ပွဲအခမ်း အနားကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီပင်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဆရာမဒေါ်ခင်စိုးစိုးစံမှ သင်တန်းတွင် ပို့ချမည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းသား/သူများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

အဆိုပါ သင်တန်းအား ဇန်နဝါရီ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၇)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ပြီး မုန့်လုပ်နည်းစုစုပေါင်း(၈)မျိုးပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)