ကော့သောင်းမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျှက်ရှိ

ကော့သောင်း ဇန်နဝါရီ ၇  ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆေးထိုး စုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက  ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူ(၅၆၅)ဦးအား ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားပြီး ပထမကြိမ်ဆေးထိုးနှံပြီးသူ အသက် (၁၈)နှစ်အထက် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်း ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျှက်ရှိပြီး ယနေ့ မြို့ပေါ်ရပ်ကွက်များမှ ပထမကြိမ်ဆေးထိုးနှံပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူ ရပ်ကွက်ပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာ ရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၅၀၀၀၀)ကျော် ရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိ လူဦးရေအရ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်မှု(၅၁.၉၆)ရာခိုင်နှုန်း ခန့်ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)