တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

တောင်သာ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  အိုမီခရွန်  ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလ (၃)ရက်၊ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  စဉ်ဆက် မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ချက်များတွင်  တောင်သာမြို့နယ်အတွင်းရှိ  ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြား သူများထံ သွားရောက်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင် ကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်အချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များအား Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပျက် ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)