ပန်းတနော် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ အစီအစဥ်ဖြင့် တောင်သူများအား ယူရီးယားမြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒေါဝါးကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဗိုလ်က တောင်သူများအား ယူရီးယားမြေသြဇာထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးဒေါဝါး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ( ၁၁)ရွာရှိ တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယူရီးယားမြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေါဝါးကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်မိုးကျော်က တောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။