ကြံခင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်

ကြံခင်း   ဇန်နဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုမခံရရေး စုပေါင်းကာကွယ်တားဆီးပေး၊  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးမှု၏ သဘောသဘာဝ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ အမျိုးသမီးများ အပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှုနှင့် ထိပါးနှောင့်ယှက်မှုများအတွက် ဥပဒေအကြောင်း သိကောင်းစရာများ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများစတဲ့ သိကောင်းစရာများအား အသိပညာပေး ပြသထားကြောင်း သိရသည်။

အဆိုပါပြပွဲသို့ စာပေချစ်မြတ်နိုးသူများ Book Club အသင်းနှင့် Youth Club အသင်းအဖွဲ့ဝင်များ စာပေဝါသနာရှင်များ တတ်ရောက် ကြည့်ရှူ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)