အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စီနှခွကျေးရွာအုပ်စု၌ ဆောင်းသီးနှံအဖြစ် ​မတ်ပဲစိုက်ခင်းများကို တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး လုပ်ကိုင်နေလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
Jan 12,2022
ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းရှိ လမ်းများ၌ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့ပြနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သန့်ရှင်းဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်း၍ လမ်းမကြီးနှင့် လမ်းသွယ်များတစ်လျှောက်သန့်ရှင်း သာယာ လှပရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။               
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
Jan 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့(၇)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး လှည့်လှည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်‌ခေါင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Pase-5 second dose (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့လယ်လေးမျက်နှာဇာတ်ရုံနှင့်‌ ဆေးထိုးစုရပ် အသီးသီးတွင် စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉)နာရီက မြို့သန့်ရှင်းသာ ယာလှပရေး အတွက် လမ်းများ၊ တံတားများပေါ်၌ စည်းကမ်းမဲ့ အမှိုက်မပြစ်ရဆိုင်းဘုတ်များ စိုက် ထူခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဌာနဆိုင်ရာများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။