တံတားမြို့၌ သုံးလောကထွဋ်ခေါင် မာန်အောင်ရတနာဘုရားကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲနှင့် ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်တော်ကြီး ဖွင့်ပွဲကျင်းပပြုလုပ်ရန် ညှိနှိုင်းဆွေးနွေး

တံတား ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ ဓမ္မပူဇာပွဲ၊ သံဃာပူဇော်ပွဲနှင့် ဝိဇ္ဇာဓမ္မသာသနာ့ ဗိမာန်တော်ကြီး ဖွင့်ပွဲကျင်းပပြုလုပ်ရန် ညှိနှိုင်း ဆွေးနွေးခြင်းကို တံတားမြို့ သုံးလောကထွဋ်ခေါင် မာန်အောင်ရတနာဘုရားကြီး၏ အလယ် ကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရွှေမေတ္တာဆရာတော် ဘဒ္ဒန္တအရှင်ဝဏ္ဏိဿရမှ သြဝါဒချီးမြှင့် မွတ်ကြားပြီး ဂေါပက အဖွဲ့ဝင် ဦးလှသန်းမှ (၁၉.၁.၂၀၂၂) ရက်နေ့တွင် ဗုဒ္ဓပူဇနိယပွဲ၊ ဓမ္မပူဇာပွဲ၊ သံဃာပူဇော်ပွဲနှင့် (၂၀.၁.၂၀၂၂)ရက်နေ့တွင် ဝိဇ္ဖာဓမ္မသာသနာ့ဗိမာန် တော်ကြီးဖွင့်ပွဲ၊ စာအောင်ဘွဲ့ရသံဃာ(၅)ပါး ဂုဏ်ပြုပူဇော်ပွဲများအား ကျင်းပပြုလုပ်မည့် လုပ်ငန်းဆောင်တာများကို တင်ပြလျှောက်ထားရာ ကြွရောက်လာသော အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲများကို အလှူရှင် မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)