မိုင်းယောင်းမြို့၌ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယောင်း  ဇန်နဝါရီ  ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။

လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ။ လတ်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို Socket များမှ ဖြုတ်ထားပါ။ ရေပူသုံး ဘွိုင်လာ၊ ရေနွေးစက်တို့ကို အသုံးပြုမည့်အချိန်မှ ဖွင့်ပါ၊ သုံးပြီးက ခလုတ်ပိတ် ထားပါ။ တီဗွီနှင့် အောက်စက်အမျိုးမျိုးတို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုတ်ကို အပြီး ပိတ်ပါ။ Remote Control ဖြင့်သာပိတ်၍ Standby Mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာ တက်နေပါမည်။ မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ စသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရေး နည်းလမ်း များကို ဝေဝေဆာဆာ ပြသထားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း