မိုင်းဆတ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့(၇)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး လှည့်လှည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်နှင့် အခြားသူများ အိမ်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင် လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူရန်၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးနှံရေး တိုက်တွန်းကြရန်၊ မိမိတို့ မြို့နယ်သို့ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ဝင်ရောက် ကူးစက်လာမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရန် စသည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker အသုံးပြု၍ ဝိန်းနေ ရပ်ကွက်နှင့် ဝိန်းဝိုင်ရပ်ကွက် တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)