လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပ​ရေး စုပေါင်း သန်ရှင်း​ရေးများ​ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၁၂

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းရှိ လမ်းများ၌ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့ပြနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သန့်ရှင်းဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်း၍ လမ်းမကြီးနှင့် လမ်းသွယ်များတစ်လျှောက်သန့်ရှင်း သာယာ လှပရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။               

ထို့အပြင် ရပ်ကွက်များအတွင်းရှိ အသုံးပြုလျက်ရှိသော အမှိုက်ပုံးများ အနံ့အသက် မရှိစေရေး သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိမ်ခြံစည်းရိုးများနှင့် ပလက်ဖောင်းများအကြား အမှိုက်များ ရှင်းလင်း ခြင်း၊ ရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများမှ အမှိုက်များ ရှင်းလင်းဆယ်ယူခြင်း၊ အဆောက်အအုံနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းများဖြင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝေဝေ(ပြန်/ဆက်)