ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကျိုင်းတုံ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်သား ၊ ကျောင်းသူများအား ဇန်နဝါရီ ၁၃ ရက်က  မြို့နယ်အတွင်းအရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာများတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားဆေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၁၈ နှစ်ပြည့်ပြီး ဒုတိယအကြိမ် ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူ ၂၃၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင်  ဇန်နဝါရီ ၁၀ ရက်နေထိ Covid Shield၊ Sinopharm၊ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ အသက် ၁၈ နှစ်အထက် ၆၃၄၅၇ ဦး၊ အသက် ၁၂ အထက် ကျောင်း သား၊ ကျောင်းသူ ၄၂၅၂ဦး တို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)