ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး KTV ကာရာအိုကေဆိုင် များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ  ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ် ရေးများပြုလုပ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ KTV ကာရာအိုကေ ဆိုင်များသို့သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးမှုကို ကျောက်ဖြူခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး  ဦးထိန်လင်းနိုင်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့ပေါ် ရပ်ကွက် များရှိ KTV ကာရာအိုကေဆိုင်များသို့ သွားရောက်ကာ မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားရှိမှုရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူး များထားရှိမှုရှိ/မရှိ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း (ပြန်/ဆက်)