ဒေးဒရဲ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ဗီနိုင်းများဖြင့် နံရံကပ်ဘုတ်များတွင် အသိပညာပေးပြသခြင်းနှင့် ဂန္တဝင် သုတ၊ ရသ စာပေများ၊ အသစ်ရောက်ရှိသည့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ဝါသနာတူ ကလပ်အသင်းများ၊ စာဖတ်ပရိတ်သတ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ လာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း