ပလောက်မြို့၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး Talk Show ပြုလုပ်

ဇန်နဝါရီလ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးအသိပညာပေး  Talk  Show  ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပလောက်မြို့ Community Centre တွင် ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင် ကပြည်သူများအနေဖြင့် လျှပ်စစ် ဓာတ်အားချွေတာသုံးစွဲနိုင်သည့် နည်းလမ်းများကို သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Talk Show ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပလောက်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့လျှပ်စစ် ဦးစီးမှူးရုံးမှ လျှပ်စစ် ကျွမ်းကျင်-၄ ဦးစံရက လျှပ်စစ်သုံးစွဲမှု သည် လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လွန်စွာ အရေးပါလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် သုံးတက်လျှင် ကောင်းကျိုးကို ခံစားရမည်ဖြစ်ပြီး မသုံးတတ်လျှင်လည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွား၍ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးစေနိုင် ကြောင်း၊ ဒါ့ကြောင့် လျှပ်စစ်သုံးစွဲရာတွင် အန္တရာယ်မဖြစ်စေရန် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် များနှင့်အတူ လျှပ်စစ် အသုံးပြုသည့် တီဗီကြည့်ခြင်း၊ နေအိမ်များတွင် မီးထွန်းခြင်း၊ ရေစုပ်/ရေတင်ခြင်း၊ ပန်ကာ၊ လေအေးပေးစက်၊ ရေနွေးကျိုခြင်းနှင့် လျှပ်စစ်မီးပူအသုံးပြုခြင်း၊ သီးပင်စားပင်နှင့် အလှပင်များ ရေလောင်းရာတွင် လျှပ်စစ်ချွေတာသုံးစွဲရန် နည်းလမ်းများကိုအသေး စိတ်ဆွေးနွေးခဲ့ပြီး၊ လျှပ်စစ်ဓာတ် အား ချွေတာသုံးစွဲရေး နည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ကို ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နံရံကပ်စာစောင်တွင် ပြသထားရှိကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)