ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ဝမ်းတွင် ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် သမီးနှင့်သားတို့ ပေးစာများ” စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးမြင့်ဇော်မှ မြို့နယ်အတွင်း စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေ အသိများတိုး ပွားစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတက်စေရန်၊ အသိပညာဗဟုသုတနှင့် စာပေတန်ဖိုးများကို လူငယ်လူရွယ်များ သဘောပေါက်နားလည်ပြီး စာပေကို ချစ်မြတ်နိုးတက်စေဖို့ ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် စာကြည့်တိုက်မှူး ဦးတင်လှိုင်မှ ဆွေးနွေးရာတွင် အမေရိကန်ချွေးမစာဆို၏ ရည်ရွယ်ချက်နှင့် ပေးချင်သော Message၊ ထော်ဘီရဲ့မနက်ခင်း၊ ကိုယ် ပတ်ဝန်းကျင် စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

စာဖတ်ပရိတ်သတ်ဦးကျော်မှ လူငယ်လူရွယ်များအတွက် ပညာသင်ယူရမည်နှင့် စိတ်ကိုဂိုးသွင်းခြင်း စသည့် စာပေများကို ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဒေါ်အိမွန် (စာဖတ်ပရိတ်သတ်) မှ ဘာဖြစ်လို့ စာဖတ်ရမှာလဲနှင့် အောင်မြင်မှုကို တိုင်းတာကြည့်ရမည့်ပေတံ အစရှိသည့် စာပေးများကို ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ “သမီးနှင့်သားတို့ပေးစာ” များ စာဖတ်ဝိုင်းသို့ ဝမ်းတွင်းမြို့နယ် စာပေချစ်သူများ Book Club အသင်းသူ/သားများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်စာ ဖတ်ပရိတ်များ တက်ရောက်ခဲ့ကြပြီး သုတ/ရသ စာပေသိကောင်းစရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)