Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် Hand speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိ
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း များကို (၁၃)ရက်နေ့မှ (၁၅) ရက်နေ့ထိ သုံးရက်ကြာ အမှတ်(၃)ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းခဲ့ခြင်းကြောင့် ဆောင်းသီးနှံ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ သီးနှံပျက်စီးထိခိုက်မှု မရှိစေရန် သီးနှံရောဂါကွယ်ဆေး…
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ အချိန်အခါမဲ့ မိုးရွာသွန်းခြင်း မိုးအုံ့ခြင်းနှင့် နှင်းခါး ကျခြင်းတို့ ဖြစ်ပေါ်သည့်အတွက် ဆောင်းသီးနှံ ကြက်သွန်နီစိုက်ခင်းများ ထိခိုက်ခြင်း၊ ပျက်စီးခြင်း မရှိစေရန် သီးနှံရောဂါကာကွယ်ဆေးများ ဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jan 17,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့ စစ်ဆေးပေးလျက်ရှိ
Jan 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့ စစ်ဆေးခြင်းကို ယနေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် Green City,Clean City ဖြစ်စေရေးနှင့် မိုးရာသီတွင်ရေကြီး ရေလျှံမှုမဖြစ်စေရေး တနိုင်းချောင်း ရေကာတာဘေးတစ်လျှောက် အမှိုက်များစုပေါင်း သန့်ရှင်…
Jan 17,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင်Green City,Clean Cityဖြစ်စေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်စေရေး ဆင်မ်ဆာ့ကောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ တနိုင်းချောင်း ရေကာတာဘေးတစ်လျှောက် အမှိုက်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ဇန်နဝါရီလ (၁၅)ရက် နံနက် (၇) နာရီခွဲက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jan 17,2022
စစ်ကိုင်းခရိုင်ကတွင်း သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း ယနေ့ နံနက် (၉:၀၀)နာရီအချိန်ခန့်က မြို့မစျေးအနီးတွင် Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22970
Page
22971
Page
22972
Page
22973
Current page
22974
Page
22975
Page
22976
Page
22977
Page
22978
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department