မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မုဒုံ ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  မုဒုံမြို့နယ် (ပြန်/ဆက်)ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးက  ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်() လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မော်လမြိုင်မှ  ဒုရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပြဌာန်းခဲ့ပုံ၊ လူကုန်ကူးမှု ကျူးလွန်ပါက ချမှတ်နိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများကို ထိရောက်စွာ တိုက်ဖျတ်နိုင်ရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ အကြောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံ၊ မိမိတို့၏ ရဲတပ်ဖွဲ့ အကြောင်းနှင့် ပြည်သူလူထုအပေါ် လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရှင်းပြခဲ့သည်။

ထို့နောက် လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန်အတွက် ပြည်သူလူထုများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ကြရန်လိုအပ်ပြီး မိမိတို့၏ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဖြစ်စဥ်များ ဖြစ်ပေါ်လာပါက သတင်းပေးပို့နိုင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များ တို့တွင် Hot Line ဖုန်းများတပ်ဆင်ထားရှိပြီး ဖုန်းအမှတ် ၀၉၄၉၅၅၅၆၆၆၊ ၀၉၄၉၅၅၅၇၇၇၊ ၀၉၄၉၅၅၅၈၈၈၊ ၀၉၄၉၅၅၅၉၉၉၊ ၀၉၈၈၁၁၂၂၅၅၅၊ ၀၉၈၈၁၁၂၂၆၆၆၊ ၀၉၈၈၁၁၂၂၇၇၇၊ ၀၉၈၈၁၁၂၂၈၈၈၊ ၀၉၈၈၁၁၂၂၉၉၉ သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)