တနိုင်း ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင်Green City,Clean Cityဖြစ်စေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်စေရေး ဆင်မ်ဆာ့ကောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ တနိုင်းချောင်း ရေကာတာဘေးတစ်လျှောက် အမှိုက်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ဇန်နဝါရီလ (၁၅)ရက် နံနက် (၇) နာရီခွဲက ဆောင်ရွက်ခဲ့ကြသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)မှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသန့်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စည်ပင်သာယာရေး အဖွဲ့ဝင်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၂၀)မှ တနိုင်းမြို့အား Green City,Clean City ဖြစ်စေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်စေရေး တနိုင်းချောင်းရေကာတာဘေးတစ်လျှောက် အမှိုက်သရိုက်များ စုပေါင်းသန့်ရှင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝါဝါ(ပြန်/ဆက်)