ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိ

ဟိုင်းကြီးကျွန်း   ဇန်နဝါရီ    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊   ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ   ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း များကို (၁၃)ရက်နေ့မှ (၁၅) ရက်နေ့ထိ သုံးရက်ကြာ အမှတ်(၃)ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ခြင်းကို  ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၀)ဦးကို လည်းကောင်း၊ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင်  အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၁၁၃)ဦး ကိုလည်းကောင်း၊ (၁၀)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ်တွင် အမျိုးသား၊ အမျိုးသမီး  စုစုပေါင်း (၁၂၇)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ ပျက်စီးထုတ် ပေးခြင်းတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၅၁)ဦးကိုလည်းကောင်း  ကတ်အမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိရာ ကညင်ချောင်းကျေးရွာတွင် အမျိုးသား၊ အမျိုးသမီး  စုစုပေါင်း (၄၄၁)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

နွေးနွေးအောင်ကြွယ်