ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့ စစ်ဆေးပေးလျက်ရှိ

ကျိုင်းတုံ  ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့ စစ်ဆေးခြင်းကို ယနေ့တွင်  တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့အတွင်း ဝင်ရောက်လာသည့် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်အချက်များ အသိပညာပေး ပြောကြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုရှိမရှိ အခမဲ့စစ်ဆေးဆောင်ရွက်  ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့အဝင်ဂိတ်များတွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ  အခမဲ့ စစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်