Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းစံမြို့၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Jan 29,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မူများတွင် ပြည်သူများအနေဖြင့်ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပေးလက်ကမ်းစာစောင်များအား ယမန်နေ့ ညနေပိုင်းအချိန်ကမြို့ပေါ် ရှိမိဘပြည်သူများထံသို့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ဆောင်းပါး ပြိုင်ပွဲ ကျင်းပ
Jan 29,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အထက(၁)၊ ဗဟိုစံပြခန်းမတွင်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် (အထက်တန်း)စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ပွဲရုံများသို့ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်
Jan 29,2022
မကွေးတိုင်ဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံများသို့ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် ( ၃ ) ပွဲရုံပိုင်ရှင် ဒေါ်ငြိမ်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့တွင် ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများဆောင်ရွက်
Jan 29,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ ပုံမှန်ဆက်လက်ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့မှ ယနေ့နံနက်၁၁နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jan 29,2022
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲပြုလုပ်
Jan 29,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီအချိန် ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်
Jan 29,2022
ရခိုင်ပြည်နယ် ၊သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး၊ အသိပေးထုတ်ပြန်ချက်များနှိုးဆော်ခြင်းကို ဇန်နဝါရီ ၂၈ ရက် ညနေ ၃နာရီကစ၍ မြို့မဈေးကြီးအတွင်းမှ ဈေးရောင်း၊ဈေးဝယ်နှင့် ကံပိုင် ရပ်ကွက် ညနေစျေးရောင်း၊ စျေးဝယ်များ၊ ရပ်ကွက်များအတွင်း ဒေသခံပြည်သူများသိရှိစေရေးရပ်ကွက်များအတွင်း အသိပေးသတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေကာ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 29,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22806
Page
22807
Page
22808
Page
22809
Current page
22810
Page
22811
Page
22812
Page
22813
Page
22814
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department