Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်
Feb 01,2022
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီ ညနေ (၄) နာရီအထိ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ရန်နှင့် ညနေ(၄)နာရီအချိန်တွင် အသံတိတ်သပိတ် အောင်မြင်ခြင်းအနေဖြင့် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ ပြုလုပ်ကြရန် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေယာယီစျေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စျေးတာဝန်ခံနှင့် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် စျေးအတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်သွားလာ စည်ကားလျက်ရှိ
Feb 01,2022
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ ယနေ့တွင် ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Feb 01,2022
ပရိယတ္တိ၊ ပဋိပတ္တိ ဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊သာမဏေ၊သီလရှင်နှင့်လူပုဂ္ဂိုလ်များ စဉ်ဆက် မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာအဖွဲ့များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Feb 01,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မြို့နယ်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉နာရီက စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ နှင့် ရန်ကင်းတောင်ခြေရှိ သံဃာ့ဆေးရုံတို့တွင် စုပေါင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားSinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Sinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို ဇန်နဝါရီ လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဟန်ကချင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် သတင်းထုတ်ပြန်ချက်များအား ဒေသခံပြည်သူများသိရှိစေရေးအသိပေး နှိုးဆော်
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက် ပြီးဒေသခံပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့ ည(၆)နာရီက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Social Media အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Feb 01,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Social Media အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ သင်တန်းတွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ယနေ့ခေတ် လူငယ် များသည် Social Media များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသုံးပြုမှုများက မတူညီကြကြောင်း၊ အနောက် နိုင်ငံများတွင် Twitter, Instagram တို့ကို အသုံးများပြီး အရှေ့အာရှပိုင်းနိုင်ငံများတွင် facebook ကိုအသုံး များသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြည်သူ သန်း ၂၀ ကျော်သည် Social Media အား နေ့စဉ်သုံးစွဲလျက်ရှိနေပြီး နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတစ်ဆင့် ဆက်သွယ်ပြောဆိုလျက်ရှိလာသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် facebook ကိုအလေးပေး အသုံးပြုခဲ့ကြပြီး ပညာရှင်များက အချိန်အကန့်အသတ်ဖြင့် Social Media ကိုအသုံးပြုကြရန် သတိပေးကြကြောင်း၊ Social Media များသည် ဆိုးကျိုးများရှိသလို တစ်ဖက်မှာလည်း အကျိုးကျေးဇူးများစွာရှိကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ချင့်ချိန်၍ ကိုယ်ပိုင်အတွေးအခေါ်အသိဉာဏ်များဖြင့် စဉ်စားစေလိုကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပ…
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22805
Page
22806
Page
22807
Page
22808
Current page
22809
Page
22810
Page
22811
Page
22812
Page
22813
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department