အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦး စီးဌာနမှ ၂၀၂၁-၂၀၂၂ ( ၆ )လတာ ဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ လွယ်စန်ကျေးရွာနှင့် ဖိုင်မောင်ကျေးရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအ နေများကို ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 05,2022
၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရုံးရှိ ပြည်သူလူ ထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
Feb 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခဲ့ကြသည်။
Feb 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကိုယမန်နေ့နံနက် (၉)ရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 05,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ (Community Centre) လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Feb 05,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ‌မခင်‌ စောတင့်ရေးသားထားသော"ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 05,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက စက်စဲ ကျေးရွာမိခင်နှင့်ကလေး မူကြိုကျောင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
Feb 05,2022
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။