ပင်းတယ ဖေဖော်ဝါရီ ၅
၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရုံးရှိ ပြည်သူလူ ထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပေးရာတွင် ကျောင်းသား၊ကျောင်းသူ အနာဂတ်လူငယ်များအားလုံး ပြည်ထောင်စုနေ့ကို မမေ့မလျော့ကြစေရန်၊ ပြည်ထောင်စုနေ့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မိမိတို့တိုင်းပြည်ကို ချစ်မြတ်နိုးတတ်စေရန်နှင့် ကာကွယ်စောင့်ရှောက်တတ်စေရန် စသည်တို့ကို ပြောကြားပေးပြီး၊ ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ ဆရာမတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့သည်။
စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "စိန်ရတုမှသည် ပြည်ထောင်စုသစ်ဆီသို့"ခေါင်းစဉ်ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)ကျောင်းတို့မှ ကျောင်းသား/ သူစုစုပေါင်း ၁၀ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။
ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် "သတင်း စကား" လက်ကမ်းစာစောင်အားပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲအပြီးတွင် ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ (ပင်းတယ)ရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် Mini Museum ပြတိုက်ငယ်သို့ စိတ်ပါဝင်စားစွာ ဝင်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ပင်းတယ ( ဒေသပြန်/ဆက်)