ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံ နှိုးဆော်

ကျိုက်လတ် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျိုက်လတ် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျှော့နည်း‌ နေသော်လည်း၊ ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း  မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးသည် ရက်ပိုင်းအတွင်း နိုင်ငံ အများအပြားတွင် ကူးစက်ပြန့်နှံ့မှု များပြားလာနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း‌ ရောဂါပိုးတွေ့ရှိသူများရှိနေပြီ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့်အညီနေထိုင်ကြရန်၊ မိမိတွင်ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန် နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံ နှိုးဆော် ကြေညာ ခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်