သံဖြူဇရပ် ဖေဖော်ဝါရီ ၅
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက စက်စဲ ကျေးရွာမိခင်နှင့်ကလေး မူကြိုကျောင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းတွင် Corner ပြင်ဆင်ထားရှိမှု၊ ကျောင်းပြင်ပ ပြင်ဆင်ထားရှိမှု၊ သင်ထောက်ကူ ထောက်ပံ့ ပစ္စည်းများ ထားရှိမှု ရှိ/မရှိ ၊ အဆောက်အဦအခြေအနေ၊ ဆရာမများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး၊ စက်စဲကျေးရွာမိခင်နှင့်ကလေး မူကြိုကျောင်းကို ဒီဇင်ဘာ(၁)ရက်နေ့မှစ၍ ဖွင့်လှစ် သင်ကြားရာတွင်၊ သင်ကြားချိန်အား တစ်ပတ်(၅)ရက်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ရက်များတွင် နံနက် ၉ နာရီ မှ ညနေ ၃ နာရီအထိ သင်ကြားပေးပြီး ကလေးငယ်(၅၀)ဦးတက်ရောက်သင်ကြားနေကြောင်းသိရသည်။
အေးအေးမွန် (ပြန်/ဆက်)