စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကိုယမန်နေ့နံနက် (၉)ရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community  Centre ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ် ဦးစီးအရာရှိ   ဦးဘိုဘိုဟန်က ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ  ဉာဏ်ရည် ဉာဏ်သွေးများ   တိုးတက်မြင့်မားလာစေရန်  ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဉက္ကဋ္ဌစာရေးဆရာ ဦးဝင်းကြည်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍  (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို  မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊  ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး  ပေးအပ်ချီးမြင့်ခဲ့ကြပြီး  အခမ်းအနားသို့   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး   ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ ၊  မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဉက္ကဋ္ဌ စာရေးဆရာ ဦးဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း