မြစ်ကြီးနား ဖေဖော်ဝါရီ ၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ (Community Centre) လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် “သွေးချင်းတို့ရဲ့ပြည်ထောင်စု” ခေါင်းစဉ်ဖြင့် မြစ်ကြီးနား မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၁၁)မှ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယဆုအပြင် အထူးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ စာပေစကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ စာပေဟောပြောပွဲများနှင့် ဆုပေးပွဲများကိုလည်း ကိုဗစ်-၁၉ရောဂါ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စည်စည်ကားကား ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)