ကျိုက်မရောတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အတ္ထရံရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသစ် ဖွင့်ပွဲကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အတ္တရံရပ်ကွက်    အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲကို    ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌ ခေတ္တအုပ်ချုပ်ရေးမှူး    ဦးမင်းသိန်း က ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၂၅.၈၀)သန်းဖြင့်  ဆောက်လုပ် ပြီးစီးခဲ့သော အတ္တရံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်ကို  စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဆိုင်ရာ  အချက်အလက်များကို  ရင်မျိုးဆက် ကုမ္ပဏီလီမိတက်မှ တာဝန်ခံအင်ဂျင်နီယာ ဦးမိုးမြင့်အောင် က ရှင်းလင်းတင်ပြပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးဇော်လင်းဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အတ္ထရံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်မှာ အလျား (၃၆ပေ×အနံ၂၆)ပေရှိပြီး RC တစ်ထပ် အဆောက်အဦ ဖြစ်ကာ ရင်မျိုးဆက်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)