Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အစားအသောက် ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Feb 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းတို့ ပူးပေါင်း၍ ပြည်သူများ အစားအသောက်နှင့် ပတ်သက်၍ ဘေးကင်း လုံခြုံစေရန်အတွက် အစားအသောက် ဘေးကင်းလုံခြုံရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် ဒုတိယမြောက်နေ့အထိ ပြည်သူ ၃၃၄၃ ဦး လာရောက်ထိုးနှံ
Feb 05,2022
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဒုတိယ မြောက်နေ့ဖြစ်သည့် ယမန်နေ့အထိ First Dose ထိုးနှံသူ ၆၆၆ ဦး၊ Second Dose ထိုးနှံသူ ၂၃၃၉ ဦးနှင့် Booster ထိုးနှံသူ ၃၃၈ ဦး ပေါင်း ၃၃၄၃ ဦးက လာရောက် ထိုးနှံနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲသော ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူ များကို နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်
Feb 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စု အချို့သည် ဒေသအခြေအနေအရ သွားလာရန်ခက်ခဲသော်လည်း ထိုဒေသရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားတိုင်း ကတ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားကတ်ပြားများကို နေ့ချင်းပြီးပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် (၀၉း၃၀)နာရီအချိန်က ကွတ်ခိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံး တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 05,2022
၂၀၂၂ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ
Feb 05,2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်တွင် နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရေးရန် ရည်ရွယ်၍ နယ်လှည့်ဝန်ဆောင်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပါမိုင်အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် နံရံကပ်စာ စောင်ပြသ
Feb 05,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီမှထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်က လူစည်ကားရာနေရာများနှင့် ရုံးစာကြည့်တိုက်လာ စာငှား၊ စာဖတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ပိုစတာကိုလည်း ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူတို့အား ခင်းကျင်းပြသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ
Feb 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22673
Page
22674
Page
22675
Page
22676
Current page
22677
Page
22678
Page
22679
Page
22680
Page
22681
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department