မိုင်းယန်းမြို့နယ်တွင် နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မိုင်းယန်း        ဖေဖော်ဝါရီ     ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရေးရန် ရည်ရွယ်၍ နယ်လှည့်ဝန်ဆောင်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပါမိုင်အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သမိုင်းကြောင်းကို    အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး