ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် နံရံကပ်စာ စောင်ပြသ

ချောက် ​ဖေ​ဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီမှထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ဖေ​ဖော်ဝါရီ ၄ ရက်နေ့ နံနက်က လူစည်ကားရာ​နေရာများနှင့် ရုံးစာကြည့်တိုက်လာ စာငှား၊ စာဖတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး နံရံကပ်ပိုစတာကို​လည်း ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူတို့အား ခင်းကျင်းပြသ​ပေးခဲ့သည်။

အဆိုပါကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊အလုပ်ရှင်များ အတွက် ကလေးသူငယ်အခွင့်အ​ရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ သင့်ကြောင့် ကလေးကဗျာ၊ သင်အလုပ်ခန့်မည့်ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ အကြောင်းအရာ၊ရုပ်ပုံ၊ ကာတွန်းများအပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံတို့ကို ဖော်ပြထားရှိပြီး အသိပညာ​ပေးနံရံကပ်စာ​စောင်တွင် လည်း ၂၀၁၆ ခုနှစ် ဆိုင်များ နှင့်အလုပ်ဌာနများ ဥပ​ဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပ​ဒေကိုပြင်ဆင်သည့် ဥပ​ဒေကြောင်းအရာများကိုပြသထား​ကြောင်း သိရသည်။       

ကျော်မိုး(ပြန်/ဆက်)