ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၇
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက ချမ်းမြ သာစည်မြို့နယ်၊ တမ္ပ၀တီရပ်ကွက်၊ဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား၀န်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးရဲမင်းထွန်း၊ ဒုလ၀ကမှူး ဦးပြည့်ဖြိုးကျော် နှင့် ၀န်ထမ်းများက ရပ်ကွက်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသည့် ပြည်သူများအားနိုင်ငံသား စိစစ်ရေးကတ်ပြားများ အဆင်ပြေချောမွေ့စွာ ရရှိရေး အတွက် ကွင်းဆင်းဆောင်ရွက်ပေးကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စိမ်း၀င်း