ကြံခင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်

ကြံခင်း မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတ ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးရှေ့ လူစည်းကားရာ နေရာများတွင် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများ မဖြစ်မနေ အိမ်အပြင်သို့ ထွက်ပါက နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀) ကြာစနစ်တကျ ဆေးကြောရန်စသော ကျန်းမာရေး ညွှန်ကြားချက်များကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးဌာနနည်းစနစ်မှုး (မြို့နယ်တာဝန်ခံ) ဒေါ်ခင်မိုးဝါနှင့် တာဝန်ရှိသူများ၊ အားကစားအဖွဲ့များမှ "လက်ဆေးပါ"၊ "Myanmar Fitness Dance" အကများဖြင့် အသိပညာပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပူးပေါင်းပြီး နှာခေါင်းစည်း Mask အခု(၂၀၀၀) ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 မိုးမိုး(ပြန်/ဆက်)