မဟာအောင်မြေ မတ် ၁၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၌ အသံချဲစက်ဖြင့် မြို့ပေါ် လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပေးနိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျင်ပါးစပ် နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါရန်နှင့် ပြည်သူများ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစဥ်မတပ်ခင် လက်ကိုဆပ်ပြာဖြင့် စနစ်တကျသန့်စင်ရန်၊ အသုံးပြုပြီးသော (Mask)များကို စနစ်တကျ စွန့်ပစ်ကြရန်၊ နှာချေလျှင် တံတောင်ဆစ်ကိုကွေး၍ နှာချေရန်၊ မိမိတို့အိမ်ပြတင်းပေါက်များအား လေဝင်၊လေထွက်ကောင်းမွန်စေရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါကမျက်နှာ အကာ(Faceshield)ကို တွဲဖက်တပ်ဆင်ပါရန်၊ လူစုလူဝေး ရှောင်ပါရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါရန်နှင့် အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊အတူ စားသောက် ခြင်းတို့မှ ရှောင်ကြဉ်ကြပါရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များကို အများပြည်သူများ သိရှိစေရန် ရည်ရွယ်၍ မြို့ပေါ်၊ ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း