သိန္နီ မတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြို့လယ်ကျောင်းရှိ မဟာမြတ်မုနိဘုရားကြီး အတွင်း/အပြင် သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်များစုပေါင်း၍ ယမန်နေ့နံနက် (၈)နာရီအချိန် က သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၈၅)ဦးခန့်က သိန္နီမြို့ မြို့လယ်ကျောင်းရှိ မဟာမြတ်မုနိဘုရားကြီး၏ အတွင်း/အပြင် နေရာများကို တံမြက်စည်းလှဲခြင်း၊ ဘုရားပုလ္လင်များကို ရေသပ္ပာယ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန္နီမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တပေါင်းပွဲအား ကိုဗစ်ကာလအတွင်းဖြစ်သောကြောင့် ပွဲတော်မကျင်းပဖြစ်သော်လည်း တပေါင်းလပြည့်နေ့တွင် အလှူဒါနပြုလိုသော စေတနာရှင် အလှူရှင်များအနေဖြင့် ဆွမ်းတော်ကြီးပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ တရားဘာဝနာပွားများ အားထုတ်ခြင်းများကို စိတ်ကြည်လင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဟာမြတ်မုနိဘုရားကြီးအား ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဒါန ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)