Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်နိုင်ရေး အတွက် တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့် တပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းရှိ ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်များ အသင့်စုဖွဲ့ထားရှိမှုကို ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ဒေသခံ ပြည်သူ ၁၃၄၂ ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ဒေသခံပြည်သူ ၁၃၄၂ ဦးတို့အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ သတ်မှတ်ဆေးထိုးစုရပ် အသီးသီး တို့၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့၌ မုန်တိုင်း သတိပေးချက်အား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့် ပတ်သက်သည့် မုန်တိုင်းသတိပေးချက်များအား ယမန်နေ့နံနက်ပိုင်းက အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်း အန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွယ်ဂျယ်မြို့၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်
Mar 22,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေစာချစ်မြတ်နိုးသူများ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးဆောင်ရွက်
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်း ရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ စတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး အဖြစ် အိန္ဒိယ နိုင်ငံထုတ် Covidshield ကာကွယ်ဆေးများကို (၃၈၊) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံ၊(၅၁) ရပ်ကွက်ဓမ္မာရုံတို့၌ ပထမအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းက…
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မတ် ၂၁ရက်က စတင်ကာ ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22008
Page
22009
Page
22010
Page
22011
Current page
22012
Page
22013
Page
22014
Page
22015
Page
22016
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department