အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါကတပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Mar 22,2022
မြောင်းမြမြို့တွင် မုန်တိုင်းကြောင့်လဲပြိုပြီး အန္တရာယ်ရှိနိုင်မည့် သစ်ပင်များကို ယမန်နေ့ ညနေ  ၄ နာရီအချိန်က ခရိုင်မီးသတဦးစီးမှူး ဦးကျော်ခိုင်ထွန်း ဦးဆောင်သော ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့အစည်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်(ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး မင်းထွဋ်(ဒု-ဥက္ကဋ္ဌ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ဇော်နိုင်ဦး(အတွင်းရေးမှူး)၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးတိုးနိုင်ဦး (တွဲ-အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်  ကွပ်ကဲမှုရုံး ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် များကို ယမန်နေ့က ပြသထားရှိကြောင်း သိရသည်။
Mar 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်လူငယ်ရေးရာအသိပညာရေးဟော ပြောပွဲကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာန၊ အထက်တန်းကျောင်း(ဝမ်းတွင်း)၊ အားကာစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က အထက်တန်းကျောင်း (ဝမ်းတွင်း)ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းသတိပေး ကြေညာချက်အား မြို့နယ်အတွင်း ပြည်သူများသိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် ယမန်နေ့နေ့လယ်ပိုင်းက လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မတ်လ ၂၀ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။