အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ( ၁၁)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် သင်တန်းသားမောင်အောင်ခန့်ကျော်တို့ ပူးပေါင်းပြီး ကွန်ပျူတာနှင့် ကွန်ပျူတာဗိုင်းရပ်များဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 22,2022
မိုးညိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
Mar 22,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဖရဲစမ်းသပ်စိုက်ပျိုးရာအောင် မြင်ဖြစ်ထွန်းပြီး ဖရဲသီးရောင်းချချိန် ဈေးနှုန်းကောင်း ရရန်မျှော်လင့်နေကြောင်း သဖန်းကုန်းကျေးရွာ တောင်သူ ဦးမင်းညိုက ပြောကြားသည်၊
Mar 22,2022
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယ အကြိမ် (Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ ရပ်ကွက်၊ ဒေသန္တရကျန်းမာရေး ဌာန၊ စစ်ပင်တောင်ရပ်ကွက်များသို့အရောက် ရပ်ကွက်နေပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနအ‌နေဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မီးသတ်ဦးစီးဌာနအတွင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် မုန်တိုင်းဘေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရပ်ကွက်များ၊ သင်္ဘောဆိပ်၊ ဇက်ဆိပ်၊ ကူးတို့ဆိပ်များ၊ ကားဂိတ်နှင့် လူစည်ကားရာများသို့ အသိပညာပေး ဆောင်ရွက်ခဲ့သည်။