မြောက်ဥက္ကလာပ မတ်လ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့် တပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းရှိ ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်များ အသင့်စုဖွဲ့ထားရှိမှုကို ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးပြည့်စုံ ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့နယ်ရှိ ရပ်ကွက်များတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှင်းလင်းရေးလုပ်ငန်းများ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ NGO များဖြင့် နေ့ညအချိန်မရွေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း