Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်ဖိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနတွင် မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်စာစစ်ဌာန အ.ထ.က အိုးသည် ကုန်းတွင်မီးဘေးလုံခြုံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုန်တိုင်းငယ်သတိပေးချက်များအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မုန်တိုင်းငယ်သတိပေးချက်များအရ အလျင် မြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားခြင်းများ၊ မုန်တိုင်းသတိပေးချက်များအား ပြည်သူများသိရှိစေရေး ကြေငြာပေးခြင်းများ၊ယာယီဘေး ခိုလှုံရာ နေရာများ စီစဉ်ထားရှိခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ မုန်တိုင်းအန္တရာယ် သတိပေးချက်နှင့် ပြည်သူများလိုက်နာရမည့် အချက်များကို ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့) မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ၊ ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်း၍ မုန်တိုင်းသတိပေးချက်နှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များအား ယမန်နေ့နံနက် (၉)နာရီခန့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံကြေညာ ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံကြေညာခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့၊ ဟားခါးထာရ် (၁)ရပ်ကွက် မူလွန်ကျောင်း (ခွာဘဲ)တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ လဝက ပုံစံ ၆၆…
Mar 22,2022
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ယမန်နေ့က ဟားခါးမြို့၊ ဟားခါးထာရ် (၁) ရပ်ကွက် မူလွန်ကျောင်း ( ခွာဘဲ ) တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ လဝက ပုံစံ ၆၆/၆ ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ၆ လ ပြည့်ပြီးသူများအား Booster ဆေးဆက်လက် ထိုးနှံပေး
Mar 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန်က covishield phase 7(ဒုတိယ)အကြိမ် ထိုးနှံသူ(၁၁) ဦး နှင့် covishield phase 8 (ပထမ) အကြိမ် ထိုးနှံသူ(၁၆၅)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ သူ(၁၇၆)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ(၁:၀၀)အချိန်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်မှ ညနေ ၃ နာရီအချိန်အထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား COVISHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22006
Page
22007
Page
22008
Page
22009
Current page
22010
Page
22011
Page
22012
Page
22013
Page
22014
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department