ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်း ကျင်းပ

ကြာအင်းဆိပ်ကြီး မတ် ၂၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များ အား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများ ကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် ကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နှိုးသူများအသင်း  Book Club  အဖွဲ့ဝင်များမှ  စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု စာအုပ်မှ ဆောင်းပါး များဖြစ်သည့် ကျွန်ုပ်တို့သည်ကားစုစည်းအား၊ ရောက်သူတိုင်း စိတ်ချမ်းသာစေသူ၊ ပညာနှင့်တူသောအလင်း၊ လူငယ်နှင့်ပညာရေး၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ်ပါ ဆောင်းပါးများ၏ အကြောင်းအရာများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလှည့်ကျ ခေါင်းစဉ်ပါ ဆောင်းပါး တစ်ပုဒ်စီ ဖတ်ကြားပြီး အဆိုပါ ဆောင်းပါး၏ အဓိပ္ပါယ်ယူဆချက်အကြောင်းအရာများကို Book Club အဖွဲ့ဝင်များမှ မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး