ပင်လောင်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း မိုလုံလေလုံအားကစားရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းဆိုင်ရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းသန်းထွန်းက ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်များ၊ မြို့နယ်အားကစားအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၄၉ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ တစ်အုပ်စုလျှင် အသင်းသုံးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ တစ်အုပ်စုလျှင် အမှတ်အများဆုံးရရှိသည့် အသင်းနှစ်သင်းက ရှုံးထွက်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်